ယူနီကုဒ်ဖြင့် ဖတ်ရန်
အမျိုးသမီးတွေအပါအဝင် အရက်၊ ဆေးလိပ်ဖြတ်သူ ၂၀၀,၀၀၀နီးပါးကို အရက်ဖြတ်ပေးနေတဲ့ ယုန်တောင်ဆရာတော်။ ယုန်တောင်ဆရာတော်ထံမှာ အရက်
ဆေးဖြတ်သူ တစ်သိန်းကျော်ရှိပြီး အမျိုးသမီးတွေပါ အရက်လာဖြတ်ကြတာ ဖြစ်ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ရွာက ယုန်တောင်တောရဆရာတော်
ဥူးတေဇနိရဟာ အရက်စွဲလန်းနေသူတွေကို ဆက်လက် မသောက်သုံးအောင် ဖြတ်ပေးတဲ့ဆရာတော်ဖြစ်ပါတယ်။ ဆရာတော်ထံကို မြန်မာပြည်အရပ်ရပ်က အရက်
အလွန်အကျွံသောက်သုံးသူတွေ လာရောက်အရက်ဖြတ်နေကြပြီး ယခုအခါ အရက်သောက်သူတင်မကတော့ပဲ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေပါ လာရောက်
ဖြတ်နေကြပါတယ်။ လက်ရှိမှာတော့ ဆရာတော်ထံမှာ အရက်နဲ့ မူးယစ်ဆေးဝါး လာရောက်ဖြတ်တောက်သူ အမျိုးသမီးတွေအပါအဝင် အရက်စွဲနေသူ
တစ်သိန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။ ဆရာတော်က အရက်ဖြတ်ရာမှာ ရေမန်းအသုံးပြုပြီး အရက်သောက်သူကို သစ္စာပြုစေကာ အခြားမည်သည့် ဆေးဝါးမှ
အသုံးပြုခြင်းမရှိပဲ အရက်ဖြတ်ပေးနေတာဖြစ်ပြီး အရက်လာရောက်ဖြတ်သူတွေ လှုဒါန်းမှုနဲ့ စေတီတဆူလည်း တည်ထားနေပါတယ်။ ခရက်ဒစ်