တစ္ေန႔ထဲ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၂၀၀၀၀ နီးပါးထိ ထပ္တိုးလာၿပီး အာသံျပည္နယ္မွာ မိုးသည္းထန္စြာ ရြာသြန္းမွုေၾကာင့္ လူေပါင္းသန္းနဲ႔ခ်ီ ေရေဘးဒဏ္သင့္ေန

အိႏၵိယနိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၁၉၄၅၉ ဦး ထပ္တိုးလာၿပီး ဗိုင္းရပ္စ္ကူးစက္လူနာ စုစုေပါင္း ၅၄၉၈၅၃ ဦးထိ ရွိလာခဲ့တယ္လို့ က်န္းမာေရး ဝန္ႀကီးဌာနမွ တနလၤာေန႔ ( ဇြန္လ ၂၉ ရက္ေန႔ ) ထုတ္ျပန္ခ်က္အရ သိရပါတယ္။

နိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေသဆုံးသူ အေရအတြက္ကေတာ့ စုစုေပါင္း ၁၆၅၀၄ ဦးထိ ရွိလာခဲ့ၿပီး ျပန္လည္သက္သာလာသူကေတာ့ ၃၂၂၁၂၁ ဦးထိ ရွိလာခဲ့တယ္လို့ နိုင္ငံက်န္းမာေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အိႏၵိယနိုင္ငံဟာ ၿပီးခဲ့တဲ့ ၁၈ ရက္အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ တစ္ေန႔ကို ၁၀၀၀၀ ေက်ာ္ထိ ထပ္တိုးေနၿပီး အေမရိကန္၊ ဘရာဇီးနဲ႔ ႐ုရွားနိုင္ငံၿပီးရင္ ကမၻာေပၚမွာ ဗိုင္းရပ္စ္ကူးစက္မွု အဆိုးရြားဆုံးနိုင္ငံ ျဖစ္ေနတယ္လို့ Johns Hopkins တကၠသိုလ္က ေဖာ္ျပထားပါတယ္။

အိႏၵိယနိုင္ငံ အေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္မွာ မိုးသည္းထန္စြာ ရြာသြန္းၿပီး ေရႀကီးမွုေၾကာင့္ လူေပါင္း တစ္သန္းေက်ာ္ဟာ ေနအိမ္ေတြကို စြန႔္ခြာခဲ့ရတယ္လို့ အာဏာပိုင္ေတြက တနလၤာေန႔ ( ဇြန္လ ၂၉ ရက္ေန႔ ) မွာ ေျပာၾကားပါတယ္။

မိုးသည္းထန္စြာ ရြာသြန္းမွုေၾကာင့္ အိႏၵိယနိုင္ငံရွိ ျဗဟၼပုတၱရျမစ္ဟာ ရြာေပါင္း ၂၀၀၀ ေက်ာ္ကို ေရလႊမ္းမိုးေစခဲ့ၿပီး တနလၤာေန႔မွာလည္း မိုးဆက္လက္ရြာသြန္းေနဆဲ ျဖစ္တယ္လို့ သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေရလႊမ္းမိုးမွုေၾကာင့္ လူ ၂ ဦး ေသဆုံးခဲ့ၿပီး လူေပါင္း တစ္သန္းေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း၊ ေရလႊမ္းမိုးမွုဟာ တစ္နာရီအတြင္း အေရးေပၚအေျခအေနကို ေရာက္ရွိခဲ့ေၾကာင္း ျပည္နယ္အစိုးရက ေျပာၾကားပါတယ္။

အာသံျပည္နယ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၇၄၉၂ ဦး၊ ေသဆုံးသူ ၁၁ ဦး ရွိေနၿပီ ျဖစ္တယ္လို့ သိရပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၉၄၅၉ ဦး ထပ်တိုးလာပြီး ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၅၄၉၈၅၃ ဦးထိ ရှိလာခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ တနင်္လာနေ့ ( ဇွန်လ ၂၉ ရက်နေ့ ) ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးသူ အရေအတွက်ကတော့ စုစုပေါင်း ၁၆၅၀၄ ဦးထိ ရှိလာခဲ့ပြီး ပြန်လည်သက်သာလာသူကတော့ ၃၂၂၁၂၁ ဦးထိ ရှိလာခဲ့တယ်လို့ နိုင်ငံကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၈ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ တစ်နေ့ကို ၁၀၀၀၀ ကျော်ထိ ထပ်တိုးနေပြီး အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေတယ်လို့ Johns Hopkins တက္ကသိုလ်က ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူပေါင်း တစ်သန်းကျော်ဟာ နေအိမ်တွေကို စွန့်ခွာခဲ့ရတယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့ ( ဇွန်လ ၂၉ ရက်နေ့ ) မှာ ပြောကြားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ ဗြဟ္မပုတ္တရမြစ်ဟာ ရွာပေါင်း ၂၀၀၀ ကျော်ကို ရေလွှမ်းမိုးစေခဲ့ပြီး တနင်္လာနေ့မှာလည်း မိုးဆက်လက်ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရေလွှမ်းမိုးမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း တစ်သန်းကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ရေလွှမ်းမိုးမှုဟာ တစ်နာရီအတွင်း အရေးပေါ်အခြေအနေကို ရောက်ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ပြောကြားပါတယ်။

အာသံပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၇၄၉၂ ဦး၊ သေဆုံးသူ ၁၁ ဦး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ခရက်ဒစ်