မူးေနတဲ့သားျဖစ္သူရဲ႕ ရက္ရက္စက္စက္ ႐ိုက္ႏွက္ျခင္းခံရတဲ့ ဖခင္ႏွင့္ညီမရဲ႕အျဖစ္

ည (10:35) အခ်ိန္ခန႔္ မိတၳီလာၿမိဳ႕ ျပည္သာယာ (တ) (6) လမ္းတြင္ သားျဖစ္သူမွ အေဖႏွင့္ညီမျဖစ္သူတို႔အား ႐ိုက္ႏွက္မႈျဖစ္ပြားေၾကာင္း သိရ – ေၾကာက္စရာ ေကာင္းလိုက္တာဗ်ာ။ မူးေနတဲ့သူမွ ညီမကို႐ိုက္တာကို ဖခင္ျဖစ္သူက ဝင္ေျပာလို႔ ဖခင္ျဖစ္သူကိုပါ

႐ိုက္ႏွက္မႈ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ညတြင္းခ်င္းပဲ ေဆး႐ုံတင္ေပး လိုက္ရပါတယ္ ဖခင္ျဖစ္သူကိုပါ စိတ္က်န္းမာ ေစာက္ေရွာက္ေရးအသင္း က ကူညီမႈေတြ ေပးခဲ့ပါတယ္။ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ တကယ္ေရာ လြယ္ကူရဲ႕လား။ တခ်ိဳ႕က လြယ္ကူတယ္လို႔ ေျပာၾကပါတယ္။

ဒါေပမယ့္ ဒါေတြက အေရးေတာ့ မႀကီးပါဘူး။ ကိုယ့္ကေလးက ဘယ္အ႐ြယ္၊ ဘယ္ႏွေယာက္ရွိတယ္၊ ဖခင္ေကာင္းတစ္ေယာက္ရဲ႕ တာဝန္ေတြက ဘာေတြျဖစ္မလဲ သိထားဖို႔လိုပါတယ္။ ကိုယ့္ရဲ႕ သားသမီးေတြကို စကားလက္ေဆာင္ ေပးတတ္ဖို႔သူတို႔ရဲ႕ စံျပ ပုဂၢိဳလ္ျဖစ္ဖို႔

ေကာင္းမြန္မွ်တတဲ့ စည္းကမ္းေတြ ေပးႏိုင္ဖို႔ ကိုယ့္သားသမီးေတြကို စာနာတတ္တဲ့သူ တစ္ေယာက္ျဖစ္ဖို႔က သူတို႔ရဲ႕ စိတ္ကို လိုတာထက္ပို မလႊမ္းမိုးမိဖို႔ အေရးႀကီးပါတယ္။ ကေလးအငယ္က အမွားလုပ္မိရင္ ႀကီးတဲ့သားသမီးေတြကပါ နားလည္ေအာင္ရွင္းျပေပးတတ္ဖို႔

ကူညီေျဖရွင္းတတ္ဖို႔ကို ဖခင္က သင္ၾကားေပးရပါမယ္။ ကိုယ့္ရဲ႕သားသမီးက မွန္ကန္ထက္ျမက္တဲ့သူ တစ္ေယာက္ျဖစ္လာၿပီး လုပ္ေဆာင္မႈေတြက မွန္ကန္ေနၿပီဆိုရင္လည္း လိုလားစြာ ခ်ီးမြမ္း စကားဆိုတတ္ရပါမယ္။ ကေလးငယ္ေလးေတြရဲ႕ စိတ္ကို တက္ႂကြလာေစဖို႔

ဖခင္ျဖစ္သူက ေရွ႕ကိုေခၚေဆာင္တတ္ဖို႔လည္း အေရးႀကီးပါတယ္။ မိမိရဲ႕ကေလးက အရမ္းငယ္ေသးတယ္ ဆိုရင္လည္း ဖခင္ေမတၱာကို ဂုဏ္ယူဝင့္ႂကြားလာေစေလာက္တဲ့အထိ လက္ေဆာင္ေပးပါ။ ကိုယ့္ရဲ႕ သားသမီးက အမွားတစ္ခုခု လုပ္လိုက္မိတာနဲ႔

သူ႔ကို အျပစ္ေပးလိုက္တာမ်ိဳး ႐ိုက္ႏွက္တာမ်ိဳးက မွန္ကန္တဲ့ စည္းကမ္းေပးတာမ်ိဳး မဟုတ္ပါဘူး။ ကေလးက အမွားတစ္ခုခုလုပ္မိရင္ ဖခင္က ဘာေၾကာင့္ မွားတယ္။ ဘယ္လိုဆိုရင္ မွန္တယ္ဆိုတာ အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပေပးပါ။ သားသမီးမ်ားကို စည္းကမ္းမ်ား

ခ်မွတ္ရာမွာလည္း ဖခင္သေဘာ တစ္မ်ိဳးတည္းထက္ မိခင္ရဲ႕ သေဘာလည္း လိုအပ္ပါေသးတယ္။ ကေလးက အရမ္းဆိုးတဲ့အခါ အျပဳအမူေကာင္းေတြရွိဖို႔ စကားနားေထာင္လာဖို႔ သူႀကိဳက္တဲ့ အ႐ုပ္လိုမ်ိဳးေပးၿပီး မဆြဲေဆာင္သင့္ပါဘူး။ ကိုယ္ေျပာလိုက္တဲ့ စကားကို

သူကိုယ္တိုင္ တကယ္နားလည္လာၿပီး လက္ခံတတ္ဖို႔ အေရးႀကီးပါတယ္။ သားသမီးမ်ားကို ျပဳစုပ်ိဳးေထာင္ရာမွာလည္း ဆုေပးဒဏ္ေပးစနစ္ကို မေျပာင္းလဲဖို႔ အေရးႀကီးပါတယ္။ မွန္ကန္စြာ လုပ္ေဆာင္ႏိုင္ရင္ အားေပးစကားဆိုႏိုင္ၿပီး အျပစ္တစ္ခုလုပ္ထားရင္လည္း

မွန္ကန္စြာ အျပစ္ေပးတတ္ဖို႔ လိုပါတယ္။ သူက တစ္ခုခုမွာ အေကာင္းဆုံးလုပ္ထားရင္လည္း သူ႔ကို အားေပးစကားေျပာေပးဖို႔လည္း မေမ့ပါနဲ႔။ တကယ္လို႔ ကိုယ့္ရဲ႕အျပဳအမူေတြပါ ေျပာင္းလဲေနမယ္ဆိုရင္ သူတို႔အေပၚမွာ ထိန္းေက်ာင္းမႈမွာ လိုတာထက္ပိုေနမယ္ဆိုရင္

သူတို႔စိတ္ထဲမွာ ေနရာတကာ လႊမ္းမိုးႏိုင္လြန္းတယ္ဆိုတဲ့ အေတြး သူတို႔စိတ္ထဲမွာ ခံစားသြားႏိုင္ပါတယ္။ မိမိသားသမီးကို ေဒါသထြက္လို႔ ေအာ္ဟစ္လိုက္တာမ်ိဳးနဲ႔လည္း မေျဖရွင္းလိုက္ပါနဲ႔။ ေအာ္ဟစ္ပစ္လိုက္မွ ေက်နပ္မယ္ဆိုရင္လည္း တစ္ေယာက္တည္းရွိခ်ိန္မွ ေအာ္ဟစ္လိုက္ပါ။

သားသမီးရဲ႕ အျပဳအမူကို မႀကိဳက္ႏွစ္သက္ရင္ အသံအနည္းငယ္ ျမႇင့္ၿပီးေျပာလိုက္႐ုံနဲ႔ အဆင္ေျပပါတယ္။ ေအာ္ဟစ္လိုက္ျခင္းက ကေလးငယ္ေလးကို ေၾကာက္လန႔္ေစသလို ဆက္ဆံေရးကိုလည္း ဆိုးဝါးသြားေစပါတယ္။ သားသမီးအေပၚ ဆက္ဆံမႈႏူးညံ့ေနေစဖို႔အတြက္ လိုအပ္ၿပီး

သားသမီးက ခ်စ္ခင္ေလးစားမႈလည္း ရွိဖို႔လိုအပ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ယေန႔ေခတ္ရဲ႕ အရက္ယဥ္ေက်းမႈ ျဖစ္ပါတယ္။ အရက္မေသာက္တတ္တဲ့ လူငယ္တစ္ေယာက္ဟာ လူရာမဝင္သလိုျဖစ္ေနတဲ့ ယေန႔ေခတ္မွာ လူငယ္ေတြဟာ အရက္ကို အေပ်ာ္သေဘာ ေသာက္ရာမွတစ္ဆင့္

အရက္ကို စြဲစြဲၿမဲၿမဲ ေသာက္သုံးလာၾကပါတယ္။ ေနာက္ဆက္တြဲ ျပသနာေတြကေတာ့ စီးပြားေရး လူမႈေရး က်န္းမာေရးေတြ ထိခိုက္လာတာျဖစ္ပါတယ္။ ေသာက္သုံးမႈနဲ႔ ေသာက္သုံးခ်ိန္ မ်ားျပားလာတာနဲ႔အတူ ဦးေႏွာက္နဲ႔ စိတ္ပိုင္းဆိုင္ရာေတြကိုပါ ထိခိုက္ၿပီး အရက္ေၾကာင္ ေၾကာင္လာၾကပါတယ္။

မိဘကိုလည္း မိဘမွန္းမသိေတာ့ အေကာင္းအဆိုးကိုလည္း ေဝဖန္ပိုင္းျခားဆင္ျခင္ႏိုင္စြမ္းေတ မရွိၾကေတာ့ပါဘူး။ ဒါေၾကာင့္ ကိုယ့္ရဲ႕သားသမီးေတြ အရက္ေသာက္ပီဆိုရင္ မိဘေတြက လိုက္ေရာေျမႇာက္စား မေပးသင့္သလို တစ္ဖက္မွာလည္း အႏုအၾကမ္း အဆင္ေျပသလို

နည္းကိုသုံးၿပီး အရက္ျဖတ္ေအာင္ မေသာက္ျဖစ္ေအာင္ ျပဳျပင္ထိန္းေက်ာင္းရပါမယ္။ အဲလိုမဟုတ္ခဲ့ရင္ေတာ့ ေနာက္ဆက္တြဲ ျဖစ္လာမယ့္ျပသနာေတြဟာ ငရဲက်တဲ့အလား စိတ္ေရာလူေရာ အားလုံးအားလုံး ခံစားၾကရလိမ့္မယ္ဆိုတာ အသိေပးေျပာၾကား လိုက္ပါတယ္ေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ည (10:35) အချိန်ခန့် မိတ္ထီလာမြို့ ပြည်သာယာ (တ) (6) လမ်းတွင် သားဖြစ်သူမှ အဖေနှင့်ညီမဖြစ်သူတို့အား ရိုက်နှက်မှုဖြစ်ပွားကြောင်း သိရ – ကြောက်စရာ ကောင်းလိုက်တာဗျာ။ မူးနေတဲ့သူမှ ညီမကိုရိုက်တာကို ဖခင်ဖြစ်သူက ဝင်ပြောလို့ ဖခင်ဖြစ်သူကိုပါ

ရိုက်နှက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ညတွင်းချင်းပဲ ဆေးရုံတင်ပေး လိုက်ရပါတယ် ဖခင်ဖြစ်သူကိုပါ စိတ်ကျန်းမာ စောက်ရှောက်ရေးအသင်း က ကူညီမှုတွေ ပေးခဲ့ပါတယ်။ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ တကယ်ရော လွယ်ကူရဲ့လား။ တချို့က လွယ်ကူတယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် ဒါတွေက အရေးတော့ မကြီးပါဘူး။ ကိုယ့်ကလေးက ဘယ်အရွယ်၊ ဘယ်နှယောက်ရှိတယ်၊ ဖခင်ကောင်းတစ်ယောက်ရဲ့ တာဝန်တွေက ဘာတွေဖြစ်မလဲ သိထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ သားသမီးတွေကို စကားလက်ဆောင် ပေးတတ်ဖို့သူတို့ရဲ့ စံပြ ပုဂ္ဂိုလ်ဖြစ်ဖို့

ကောင်းမွန်မျှတတဲ့ စည်းကမ်းတွေ ပေးနိုင်ဖို့ ကိုယ့်သားသမီးတွေကို စာနာတတ်တဲ့သူ တစ်ယောက်ဖြစ်ဖို့က သူတို့ရဲ့ စိတ်ကို လိုတာထက်ပို မလွှမ်းမိုးမိဖို့ အရေးကြီးပါတယ်။ ကလေးအငယ်က အမှားလုပ်မိရင် ကြီးတဲ့သားသမီးတွေကပါ နားလည်အောင်ရှင်းပြပေးတတ်ဖို့

ကူညီဖြေရှင်းတတ်ဖို့ကို ဖခင်က သင်ကြားပေးရပါမယ်။ ကိုယ့်ရဲ့သားသမီးက မှန်ကန်ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်လာပြီး လုပ်ဆောင်မှုတွေက မှန်ကန်နေပြီဆိုရင်လည်း လိုလားစွာ ချီးမွမ်း စကားဆိုတတ်ရပါမယ်။ ကလေးငယ်လေးတွေရဲ့ စိတ်ကို တက်ကြွလာစေဖို့

ဖခင်ဖြစ်သူက ရှေ့ကိုခေါ်ဆောင်တတ်ဖို့လည်း အရေးကြီးပါတယ်။ မိမိရဲ့ကလေးက အရမ်းငယ်သေးတယ် ဆိုရင်လည်း ဖခင်မေတ္တာကို ဂုဏ်ယူဝင့်ကြွားလာစေလောက်တဲ့အထိ လက်ဆောင်ပေးပါ။ ကိုယ့်ရဲ့ သားသမီးက အမှားတစ်ခုခု လုပ်လိုက်မိတာနဲ့

သူ့ကို အပြစ်ပေးလိုက်တာမျိုး ရိုက်နှက်တာမျိုးက မှန်ကန်တဲ့ စည်းကမ်းပေးတာမျိုး မဟုတ်ပါဘူး။ ကလေးက အမှားတစ်ခုခုလုပ်မိရင် ဖခင်က ဘာကြောင့် မှားတယ်။ ဘယ်လိုဆိုရင် မှန်တယ်ဆိုတာ အကျိုးသင့်အကြောင်းသင့် ရှင်းပြပေးပါ။ သားသမီးများကို စည်းကမ်းများ

ချမှတ်ရာမှာလည်း ဖခင်သဘော တစ်မျိုးတည်းထက် မိခင်ရဲ့ သဘောလည်း လိုအပ်ပါသေးတယ်။ ကလေးက အရမ်းဆိုးတဲ့အခါ အပြုအမူကောင်းတွေရှိဖို့ စကားနားထောင်လာဖို့ သူကြိုက်တဲ့ အရုပ်လိုမျိုးပေးပြီး မဆွဲဆောင်သင့်ပါဘူး။ ကိုယ်ပြောလိုက်တဲ့ စကားကို

သူကိုယ်တိုင် တကယ်နားလည်လာပြီး လက်ခံတတ်ဖို့ အရေးကြီးပါတယ်။ သားသမီးများကို ပြုစုပျိုးထောင်ရာမှာလည်း ဆုပေးဒဏ်ပေးစနစ်ကို မပြောင်းလဲဖို့ အရေးကြီးပါတယ်။ မှန်ကန်စွာ လုပ်ဆောင်နိုင်ရင် အားပေးစကားဆိုနိုင်ပြီး အပြစ်တစ်ခုလုပ်ထားရင်လည်း

မှန်ကန်စွာ အပြစ်ပေးတတ်ဖို့ လိုပါတယ်။ သူက တစ်ခုခုမှာ အကောင်းဆုံးလုပ်ထားရင်လည်း သူ့ကို အားပေးစကားပြောပေးဖို့လည်း မမေ့ပါနဲ့။ တကယ်လို့ ကိုယ့်ရဲ့အပြုအမူတွေပါ ပြောင်းလဲနေမယ်ဆိုရင် သူတို့အပေါ်မှာ ထိန်းကျောင်းမှုမှာ လိုတာထက်ပိုနေမယ်ဆိုရင်

သူတို့စိတ်ထဲမှာ နေရာတကာ လွှမ်းမိုးနိုင်လွန်းတယ်ဆိုတဲ့ အတွေး သူတို့စိတ်ထဲမှာ ခံစားသွားနိုင်ပါတယ်။ မိမိသားသမီးကို ဒေါသထွက်လို့ အော်ဟစ်လိုက်တာမျိုးနဲ့လည်း မဖြေရှင်းလိုက်ပါနဲ့။ အော်ဟစ်ပစ်လိုက်မှ ကျေနပ်မယ်ဆိုရင်လည်း တစ်ယောက်တည်းရှိချိန်မှ အော်ဟစ်လိုက်ပါ။

သားသမီးရဲ့ အပြုအမူကို မကြိုက်နှစ်သက်ရင် အသံအနည်းငယ် မြှင့်ပြီးပြောလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ အော်ဟစ်လိုက်ခြင်းက ကလေးငယ်လေးကို ကြောက်လန့်စေသလို ဆက်ဆံရေးကိုလည်း ဆိုးဝါးသွားစေပါတယ်။ သားသမီးအပေါ် ဆက်ဆံမှုနူးညံ့နေစေဖို့အတွက် လိုအပ်ပြီး

သားသမီးက ချစ်ခင်လေးစားမှုလည်း ရှိဖို့လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ ယနေ့ခေတ်ရဲ့ အရက်ယဉ်ကျေးမှု ဖြစ်ပါတယ်။ အရက်မသောက်တတ်တဲ့ လူငယ်တစ်ယောက်ဟာ လူရာမဝင်သလိုဖြစ်နေတဲ့ ယနေ့ခေတ်မှာ လူငယ်တွေဟာ အရက်ကို အပျော်သဘော သောက်ရာမှတစ်ဆင့်

အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးလာကြပါတယ်။ နောက်ဆက်တွဲ ပြသနာတွေကတော့ စီးပွားရေး လူမှုရေး ကျန်းမာရေးတွေ ထိခိုက်လာတာဖြစ်ပါတယ်။ သောက်သုံးမှုနဲ့ သောက်သုံးချိန် များပြားလာတာနဲ့အတူ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်ပြီး အရက်ကြောင် ကြောင်လာကြပါတယ်။

မိဘကိုလည်း မိဘမှန်းမသိတော့ အကောင်းအဆိုးကိုလည်း ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်းတေ မရှိကြတော့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့သားသမီးတွေ အရက်သောက်ပီဆိုရင် မိဘတွေက လိုက်ရောမြှောက်စား မပေးသင့်သလို တစ်ဖက်မှာလည်း အနုအကြမ်း အဆင်ပြေသလို

နည်းကိုသုံးပြီး အရက်ဖြတ်အောင် မသောက်ဖြစ်အောင် ပြုပြင်ထိန်းကျောင်းရပါမယ်။ အဲလိုမဟုတ်ခဲ့ရင်တော့ နောက်ဆက်တွဲ ဖြစ်လာမယ့်ပြသနာတွေဟာ ငရဲကျတဲ့အလား စိတ်ရောလူရော အားလုံးအားလုံး ခံစားကြရလိမ့်မယ်ဆိုတာ အသိပေးပြောကြား လိုက်ပါတယ်နော်။