မႏၲေလးတကၠသိုလ္မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသား အင္းဝတံတားမွ ခုန္ခ်ရန္ႀကံစည္မႈျဖစ္ပြား

ဆိုင္ကယ္ကို အင္းဝတံတားလာယူ ငါသြားၿပီ လို႔ သူ႔သူငယ္ခ်င္းကို ဖုန္းဆက္မက္ေဆ့ပို႔ၿပီး ခုန္ခ်ရန္ႀကံစည္ခဲ့သည့္ မႏၲေလးတကၠသိုလ္မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသား – အင္းဝတံတားေပၚမွ ခုန္ခ်ရန္ႀကံစည္ခဲ့သည့္ မႏၲေလးတကၠသိုလ္မွ ဘူမိေဗဒ(စတုတၳႏွစ္)ေက်ာင္းသားအား

လွည့္ကင္းရဲတပ္ဖြဲ႕မွကယ္တင္ႏိုင္ခဲ့ေၾကာင္း ဇြန္ ၂၉တြင္ စစ္ကိုင္းၿမိဳ႕မရဲစခန္းမွသိရသည္။ ဇြန္ ၂၈ ည ဆယ္နာရီခြဲခန႔္က စစ္ကိုင္းၿမိဳ႕၊အင္းဝတံတား ငါး‌ကုန္းႏွင့္ ေျခာက္ကုန္းၾကားေနရာတြင္ တံတားေပၚမွခုန္ခ်ရန္ႀကံစည္ခဲ့ေသာ အသက္၂၁ႏွစ္အ႐ြယ္ အဆိုပါေက်ာင္းသားအား စစ္ကိုင္းၿမိဳ႕၊

ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေအးသက္ေမာင္ဦးစီ‌းေသာလွည့္ကင္းတပ္ဖြဲ႕မွ အခ်ိန္မွီကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။ “မေန႔ည ဆယ္နာရီေက်ာ္ေလာက္က ကြၽန္ေတာ္ တို႔ အင္းဝတံတားေပၚလွည့္ကင္းလွည့္ခ်ိန္ ဆယ္နာရီေက်ာ္ေလာက္မွာ မႏၲေလးဘက္ကလာရင္ အင္းဝတံတားငါးကုန္းနဲ႔

ေျခာက္ကုန္းၾကားမွာ လူတစ္ေယာက္နဲ႔ဆိုင္ကယ္ရပ္ထားထားတာကိုေတြ႕တယ္။ ဆိုင္ကယ္ေပၚမတ္တပ္ရပ္ၿပီး တံတက္လက္ရန္းကို‌ တက္ဖို႔လုပ္‌ေနတာျမင္လို႔ တံတားထိပ္က ေနဆိုင္ကယ္ကိုအျမန္ေမာင္းၿပီး သူရွိတဲ့ေနရာဆီသြားတယ္။ေရာက္ေတာ့ ေဟ့ဘာလုပ္ေနတာလည္း ဆိုင္ကယ္

ေပၚကအတင္းဆင္းခိုင္းဆြဲခ်ၿပီးေမးတယ္။ ကြၽန္ေတာ္စိတ္ညစ္စရာမ်ားတယ္ ကြၽန္ေတာ္ကို သြားခြင့္ျပဳပါလို႔ ေျပာတယ္။ မင္းက ဘယ္ကလည္း ဘာစိတ္ညစ္စရာ ရွိလဲလို႔ ကြၽန္ေတာ္ေမးေတာ့ မႏၲေလးၿမိဳ႕ကလို႔သိရတယ္။ဆိုင္ကယ္ကိုအင္းဝတံတားလာယူ ငါသြားၿပီလို႔သူ႔ သူငယ္ခ်င္းကို

ဖုန္းဆက္ မက္ေဆ့ခ္်ပို႔ထားတာ‌ ေတြ႕လို႔ သူ႔ကို ကြၽန္ေတာ္တို႔ တံတားရဲကင္းဆီ‌ဆြဲေခၚခဲ့တယ္ သူစိတ္ေျပေအာင္အားေပးစကားေတြေျပာခဲ့တယ္။ ေနာက္စခန္း ကိုေခၚ သူ႔မိဘေတြကိုအေၾကာင္းၾကားခဲ့ၿပီးမိဘေတြဆီလက္ေရာက္အပ္ခဲ့ပါတယ္” ဟု စစ္ကိုင္းၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေအးသက္ေမာင္

ကေျပာၾကားသည္။ အင္းဝတံတားႏွင့္ရတနာပုံတံတား ေပၚမွခုန္ခ် သက္ေသမႈ မ်ားရွိလာေသာေၾကာင့္စစ္ကိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ အဆိုပါတံတားႏွစ္စင္းတြင္လွည့္ကင္း၊ပတ္ကင္းမ်ားခ်၍ေစာင့္ၾကည့္ေနရေၾကာင္း၊ ၎အေနျဖင့္ တံတားေပၚမွ ခုန္ခ်ရန္ႀကံစည္မႈ ငါးႀကိမ္အား အခ်ိန္မွီ

တားဆီးႏိုင္ခဲ့ေၾကာင္း စစ္ကိုင္း ၿမိဳ႕မရဲစခန္း မွ ဒုရဲအုပ္ ေအးသက္ေမာင္ကဆက္လက္ေျပာၾကားသည္။ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္း ကလည္း အင္းဝတံတား (စစ္ကိုင္း)ေပၚမွ ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမႈ (၅)ႀကိမ္၊ ဧရာဝတီတံတား (ရတနာပုံ)ေပၚမွ ဧရာဝတီျမစ္အတြင္း

ခုန္ခ်ေသဆုံးမႈ ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ယခုႏွစ္ ၂၀၂၀ အတြင္း ဧရာဝတီတံတား (ရတနာပုံ)ေပၚ မွ ခုန္ခ်ေသဆုံးမႈ တစ္ႀကိမ္၊ အင္းဝတံတား ေပၚမွ အမႊာ ညီအမႏွစ္ဦး ခုန္ခ်ေသဆုံးမႈ ျဖစ္ပြားခဲ့ ေသးေၾကာင္း သိရသည္။ ေစာရန္ပိုင္၊ ဓာတ္ပုံ- ဒုရဲအုပ္ ေအးသက္ေမာင္၊ ေဇယ်ာတိုင္းမ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆိုင်ကယ်ကို အင်းဝတံတားလာယူ ငါသွားပြီ လို့ သူ့သူငယ်ချင်းကို ဖုန်းဆက်မက်ဆေ့ပို့ပြီး ခုန်ချရန်ကြံစည်ခဲ့သည့် မန္တလေးတက္ကသိုလ်မှ ဘူမိဗေဒ(စတုတ္ထနှစ်)ကျောင်းသား – အင်းဝတံတားပေါ်မှ ခုန်ချရန်ကြံစည်ခဲ့သည့် မန္တလေးတက္ကသိုလ်မှ ဘူမိဗေဒ(စတုတ္ထနှစ်)ကျောင်းသားအား

လှည့်ကင်းရဲတပ်ဖွဲ့မှကယ်တင်နိုင်ခဲ့ကြောင်း ဇွန် ၂၉တွင် စစ်ကိုင်းမြို့မရဲစခန်းမှသိရသည်။ ဇွန် ၂၈ ည ဆယ်နာရီခွဲခန့်က စစ်ကိုင်းမြို့၊အင်းဝတံတား ငါး‌ကုန်းနှင့် ခြောက်ကုန်းကြားနေရာတွင် တံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့သော အသက်၂၁နှစ်အရွယ် အဆိုပါကျောင်းသားအား စစ်ကိုင်းမြို့၊

မြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင်ဦးစီ‌းသောလှည့်ကင်းတပ်ဖွဲ့မှ အချိန်မှီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ “မနေ့ည ဆယ်နာရီကျော်လောက်က ကျွန်တော် တို့ အင်းဝတံတားပေါ်လှည့်ကင်းလှည့်ချိန် ဆယ်နာရီကျော်လောက်မှာ မန္တလေးဘက်ကလာရင် အင်းဝတံတားငါးကုန်းနဲ့

ခြောက်ကုန်းကြားမှာ လူတစ်ယောက်နဲ့ဆိုင်ကယ်ရပ်ထားထားတာကိုတွေ့တယ်။ ဆိုင်ကယ်ပေါ်မတ်တပ်ရပ်ပြီး တံတက်လက်ရန်းကို‌ တက်ဖို့လုပ်‌နေတာမြင်လို့ တံတားထိပ်က နေဆိုင်ကယ်ကိုအမြန်မောင်းပြီး သူရှိတဲ့နေရာဆီသွားတယ်။ရောက်တော့ ဟေ့ဘာလုပ်နေတာလည်း ဆိုင်ကယ်

ပေါ်ကအတင်းဆင်းခိုင်းဆွဲချပြီးမေးတယ်။ ကျွန်တော်စိတ်ညစ်စရာများတယ် ကျွန်တော်ကို သွားခွင့်ပြုပါလို့ ပြောတယ်။ မင်းက ဘယ်ကလည်း ဘာစိတ်ညစ်စရာ ရှိလဲလို့ ကျွန်တော်မေးတော့ မန္တလေးမြို့ကလို့သိရတယ်။ဆိုင်ကယ်ကိုအင်းဝတံတားလာယူ ငါသွားပြီလို့သူ့ သူငယ်ချင်းကို

ဖုန်းဆက် မက်ဆေ့ခ်ျပို့ထားတာ‌ တွေ့လို့ သူ့ကို ကျွန်တော်တို့ တံတားရဲကင်းဆီ‌ဆွဲခေါ်ခဲ့တယ် သူစိတ်ပြေအောင်အားပေးစကားတွေပြောခဲ့တယ်။ နောက်စခန်း ကိုခေါ် သူ့မိဘတွေကိုအကြောင်းကြားခဲ့ပြီးမိဘတွေဆီလက်ရောက်အပ်ခဲ့ပါတယ်” ဟု စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင်

ကပြောကြားသည်။ အင်းဝတံတားနှင့်ရတနာပုံတံတား ပေါ်မှခုန်ချ သက်သေမှု များရှိလာသောကြောင့်စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ အဆိုပါတံတားနှစ်စင်းတွင်လှည့်ကင်း၊ပတ်ကင်းများချ၍စောင့်ကြည့်နေရကြောင်း၊ ၎င်းအနေဖြင့် တံတားပေါ်မှ ခုန်ချရန်ကြံစည်မှု ငါးကြိမ်အား အချိန်မှီ

တားဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်း မြို့မရဲစခန်း မှ ဒုရဲအုပ် အေးသက်မောင်ကဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ကလည်း အင်းဝတံတား (စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ ဧရာဝတီမြစ်အတွင်း

ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၂၀ အတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ခုန်ချသေဆုံးမှု တစ်ကြိမ်၊ အင်းဝတံတား ပေါ်မှ အမွှာ ညီအမနှစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ သေးကြောင်း သိရသည်။ စောရန်ပိုင်၊ ဓာတ်ပုံ- ဒုရဲအုပ် အေးသက်မောင်၊ ဇေယျာတိုင်းမ်။